DECLARATION FOR THE MOVEMENT OF AN ERA OF CONSCIENCE

MENU

ANEOC

သြတ္တပ္ပစိတ် (သို့) အသိတရားတည်ရှိရေး ခေတ်ကာလ လှုပ်ရှားမှုအတွက် ကြေငြာချက်

လူတိုင်းသည် ကိုယ့်သိစိတ်၏ခေါင်းဆောင်ဖြစ်သည်။ အသိစိတ်သည် တိုင်းရင်းသားလူမျိုးစုများ၊ နိုင်ငံသားပေါင်းစုံနှင့် ဘာသာရေးယုံကြည်မှုများ အကြားတည်ရှိသည့် ခြားနားချက်များကို ကျော်လွန်နိုင်ပေသည်။သင်နှင့် ကျွန်ုပ်တို့၏ စိတ်နှလုံးထဲတွင်တည်ရှိသော အသိတရားစိတ်ကို ကာကွယ်ပျိုးထောင်၍ ချစ်ခြင်းမေတ္တာနှင့်ငြိမ်းချမ်းသောခေတ်ကို တို့အားလုံး အတူတကွ ဖန်တီးနိုင်ပါသည်။

ပထဝီနိုင်ငံရေးတင်းမာမှုများမြင့်တက်လာခြင်းနှင့် လူနေမှုပတ်ဝန်းကျင်အခြေအနေများ ယိုယွင်းပျက်စီးခြင်းတို့နှင့် ရင်ဆိုင်ရသောအခါ လူသား၏ရှင်သန်ရပ်တည်ရေးသည် စိန်ခေါ်မှုများစွာနှင့်ရင်ဆိုင်နေရပါသည်။ ထို့ကြောင့် ပြည်သူလူထု၏ နက်ရှိုင်းစွာအမြစ်တွယ်နေသော အသိစိတ်ကို အတူတကွစုစည်းနိုင်ကာ ကမ္ဘာလုံးဆိုင်ရာစည်းလုံးညီညွတ်မှုကို ပိုမိုသိရှိလာစေရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် အသိတရားတည်ရှိရေး ခေတ်ကာလကို အားပေးတိုက်တွန်းကြရန် အလွန်အရေးကြီးပါသည်။

  1. လူတိုင်းသည် အသိတရား (သို့) သြတ္တပ္ပစိတ်နှင့် မွေးဖွားလာကြသည်။ ကိုယ်ကိုကိုယ်သိသောစိတ်အသိတရားသည် လူတစ်ဦး၏အပြုအမူကို အဆုံးအဖြတ်ပေးသော အမြင့်ဆုံးတရားသူကြီးဖြစ်သည်။
  2. သြတ္တပ္ပစိတ်သည် ရေရှည်တည်တံ့စေသည်။ လူတိုင်းသည် ရေရှည်တည်တံ့ခိုင်မြဲနိုင်စွမ်းနှင့် ရှင်သန်ရပ်တည်နိုင်စွမ်းကို ရောက်ရှိရန် သူ၏သြတ္တပ္ပစိတ်ကို ကာကွယ်စောင့်ရှောက်ကာ သြတ္တပ္ပစိတ်၏လမ်းပြမူကို ခံယူသင့်သည်။
  3. ကြည်လင်သောနှလုံးသားနှင့် ကောင်းသောအကျင့်များ၏ သော့ချက်သည် သိစိတ် (သို့) သြတ္တပ္ပစိတ် ဖြစ်ပါသည်။ ထိုသိစိတ်က လူသားများနှင့်တကွ အခြားမျိုးစိတ်များ၏ ပျော်ရွှင်မှုနှင့်ကောင်းချီးများကို ရရှိစေရန် လမ်းညွှန်ပြသပေးပါလိမ့်မည်။
  4. သြတ္တပ္ပစိတ်သည် ချစ်ခြင်းမေတ္တာနှင့်ငြိမ်းချမ်းခြင်း၏ အရင်းအမြစ်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံသားများသည် အတူတကွ အပြုသဘောဆောင်သော အင်အားများ စုစည်း၍ တည်ငြိမ်အေးချမ်းသော ငြိမ်းချမ်းရေးလမ်းကို လျှောက်လှမ်းနိုင်ရန် သြတ္တပ္ပစိတ်ပြည့်လျှံသော နှလုံးသားဖြင့် ကမ္ဘာ၏အခြေအနေကို လေ့လာသင့်ပါသည်။
  5. သြတ္တပ္ပစိတ်သည် သဟဇာတဖြစ်သောလူ့ဘောင်၏ အခြေခံမဏ္ဠိုင် ဖြစ်ပါသည်။ သြတ္တပ္ပစိတ်သည် အပြန်အလှန်နားလည်မူ၊ ငြိမ်းချမ်းသော ကမ္ဘာကြီးကို တည်ဆောက်ရန်အတွက် လိုအပ်သော လူများနှင့် နိုင်ငံများအကြား အပြန်အလှန် ယုံကြည်မှုနှင့်ပူးပေါင်းဆောင်ရွက်မှု၊ သဟဇာတဖြစ်မှုနှင့် အချင်းချင်း ရိုင်းပင်းစိတ်ကို တိုးမြှင့်စေပါသည်။
  6. သြတ္တပ္ပစိတ်သည် သာယာဝပြောသော တိုင်းပြည်နှင့် ငြိမ်းချမ်းသောလူ့အဖွဲ့အစည်း၏ အခြေခံအုတ်မြစ်ဖြစ်ပါသည်။ အမျိုးသားအုပ်ချုပ်မှုသည် ပြည်သူလူထုအပေါ်အခြေခံပြီး လူ့အခွင့်အရေးနှင့် ဂုဏ်သိက္ခာကိုကာကွယ်သော ဥပဒေဖြင့် အုပ်ချုပ်မူသာ ဖြစ်သင့်သည်။
  7. သြတ္တပ္ပစိတ်သည် ကောင်းမွန်သောအုပ်ချုပ်မှုဆီသို့ ဦးတည်သည်။ အသိစိတ်ရှိသည့် အုပ်ချုပ်ရေးများဖြင့် ဖြည့်စွက်ထားသော၊ သြတ္တပ္ပစိတ်ဖြင့် မောင်းနှင်သောမူဝါဒများ သာလျှင်လူ့အဖွဲ့အစည်းကို အကျိုးပြုပြီးတည်ငြိမ်စေပါသည်။
  8. သြတ္တပ္ပစိတ်သည် ငြိမ်းချမ်းရေး ကိုဖော်ဆောင်ပေးပါသည်။ သြတ္တပ္ပစိတ်က လူသားတို့၏နှလုံးသားကို ဉာဏ်ပညာနှင့်သာ ပဍိပက္ခများကိုဖြေရှင်းရန် လှုံ့ဆော်ပေးသည်။ သြတ္တပ္ပစိတ်သည် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုသို့ ဦးတည်သော နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ရှိသည့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများကို ဖန်တီးသည်။
  9. သြတ္တပ္ပစိတ်သည် ကမ္ဘာကိုတည်ငြိမ်စေသောအပြုသဘောဆောင်သည့် စွမ်းအင်ဖြစ်သည်။ နည်းပညာဖွံ့ဖြိုးတိုးတက်မှု ဟန်ချက်ညီမှုနှင့် သြတ္တပ္ပစိတ်တို့သည် ဘဝ၏အခွင့်အလမ်းများကိုဖန်တီးပေးပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို သဘာဝပတ်ဝန်းကျင်ကာကွယ်မှုဖြင့် မြှင့်တင်ပေးလိမ့်မည်။

ထို့ကြောင့် သြတ္တပ္ပစိတ် (သို့) အသိတရားတည်ရှိရေး ခေတ်ကာလသည် ရေရှည်တည်တံ့သောအနာဂတ်အတွက် သော့ချက်ဖြစ်သည်ဟု ဆုံးဖြတ်ပြီးဖြစ်သည်။ ကမ္ဘာခေါင်းဆောင်များသည် ကမ္ဘာမြေကိုကာကွယ်ရန်၊ လူသားတို့အတွက် စုပေါင်းအကျိုးကျေးဇူးများတိုးမြှင့်ခြင်းနှင့် အားလုံးအတွက် ငြိမ်းချမ်းသောကမ္ဘာကြီး ဖန်တီးရန်အတွက် မိတ်ဖက်များအားကောင်းလာစေရန် ယုံကြည်စိတ်ချမှုအတိုင်းအတာဖြင့် အတူတကွပူးပေါင်း ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း မျှော်လင့်ရပါသည်။ လူတိုင်း၏စိတ်နှလုံးထဲရှိ သြတ္တပ္ပစိတ်ကိုလှုံ့ဆော်ရန် အကြီးဆုံးသော အခွင့်အလမ်းသည် ၂၀၁၄ ခုနှစ်တွင် ကျွန်ုပ်တို့နှင့် အတူရှိနေသည်။ယခုအချိန်အခါသည် ရေရှည်တည်တံ့ခိုင်မြဲခြင်း လမ်းကို ခင်းရန်နှင့် ကြင်နာမှုနှင့်၏ သြတ္တပ္ပစိတ်၏ စွမ်းအင်ကို အသုံးချရမည့်အချိန် ဖြစ်ပါသည်။သက်ရှိသတ္တဝါအားလုံး၏ဆင်းရဲဒုက္ခများကို တိုက်ဖျက်ရန် နှင့် အတူတကွ ပူးပေါင်းလုပ်ဆောင်ရန် ကျွန်ုပ်တို့အားလုံးသည် အဓိကအခန်းကဏ္ဌမှ ပါ၀င်ပါသည်။ သြတ္တပ္ပစိတ် (သို့) အသိတရားတည်ရှိရေး ခေတ်ကာလသို့ ၀င်ရောက်ခြင်းအားဖြင့် ကောင်းမွန်သောသံသရာစက်ဝန်းကို ဖန်တီးရန် ကောင်းသောမျိုးစေ့များကို ထွန်ယက်ကြပါစို့။

Association of World Citizens, NGO in Consultative Status with ECOSOC and Associated with the UN DPI
Federation of World Peace and Love
Tai Ji Men Qigong Academy

Global Launch on August 17, 2014, USA


Endorse

 

First Name:

Last Name:
Nationality:
Organization:
I am willing to disclose the above information in this website. 
      
 
     
 
An Era of Conscience
Declaration of International Day of Conscience